Pages

တက်ကလေးသို့ အမှတ်တရ တူးဆွခြင်း………မှ

               ဒီကဗျာလေးကတော့ ကျတော့ရဲ့ အကို (မြိတ်)မှ ကျတော့သို့ လက်ဆောင်အဖြစ် ပေးပို့သော   ကဗျာလေးဖြစ်ပါတယ်.....အဲ့ဒါလေးကို ကျတော်နဲ့ အတူ ခံစားရအောင် တင်ပေးလိုက်တာပါ......ကျတော်တော့ ရင်ကို တပ်တပ်ကနဲ့ ဓာတ်လိုက်သွားသလိုပဲဗျာ

  အုံ့ပုန်းဝေဒနာ


ဂီတာကို ချိုးဖဲ့လိုက်ရုံနဲ့
ဂီတတွေ ကြိုးပဲ့မသွားသလို.......

စာပေကို ဖျောက်ဖျက်လိုက်ရုံနဲ့
ကဗျာတွေ ပျောက်ပျက်မသွားသလို.....


မင်းငါ့အပါးမရှိတော့ရုံနဲ့
ငါ့ခစားလိုစိတ်တွေ ကျပျောက်သွားမှာတဲ့လားကွယ်။

တယုတယ ငြိတွယ်မိသူကိုမှ
ပစ်ပစ်ခါခါ မျက်နှာလွဲရက်သူရယ်...

သူလိုကိုယ်လို အချစ်မျိုးနဲ့
မင်းကိုငါ ချစ်ခဲ့တာမျိုး မဟုတ်ပါဘူး

မင်းက သရဖူတွေနဲ့ ၀င့်ထည်နေချိန်မှာ
ငါက ဒဏ်ရာတွေနဲ့ ပြိုလဲ

မင်းဘ၀ အပြုံးတွေနဲ့ဝေဆာ ဗိုလ်စွဲနေချိန်မှာ
ငါက အရှုံးတွေထဲဖွေရှာ ပြိုကွဲနေခဲ့ရလည်း
ငါ မက်မက်မောမော ကျေနပ်ကြည်နူးပေးခဲ့ပါတယ်..........

လေလွင့်ဖြူရော်နေတဲ့ မာနတစ်စုံကို ရင်ဝယ်ပိုက်လို့
မင်းအတ္တပုံထဲ ခဏခဏ ချော်လဲခဲ့ရတာကိုပဲ
ငါ... ပျော်လို့မဆုံးပါဘူးကွယ်..................................

ညို့ငင်ဖမ်းစားတတ်တဲ့ မျက်ဝန်းတစ်စုံနဲ့
တဖျတ်ဖျတ်လက်နေတဲ့ အကြည့်တစ်ချက်က
ငါ့ဘ၀တစ်ဝက်ကို ဖြတ်ခုတ်လုယက်သွားမယ်မှန်း
ခပ်ပါးပါးလေးမှ ငါမတွေးမိတတ်ခဲ့ပါဘူး။

(ဒါငါ့ရဲ့မဟာအမှားများလား ငါဒွိဟဖြစ်ဆဲ)

အခုတော့ငါ သိခဲ့ပါပြီ.............
သံယောဇဉ်ဆိုတာ
နလုံးသားကိုချော့ဖမ်းတဲ့ ကျော့ကွင်းနဲ့
သွေးပျက် ချောက်ချားဖွယ် တစ္ဆေတစ်ကောင်မှန်း
အချိန်တွေနှောင်းမှပဲ ငါကောင်းကောင်းသိရှိလိုက်ပါပြီ။
( မေးလိုက်ပါရစေတော့ ဝေဒနာ စေနိုင်သူရေ.... တရားခံဘယ်သူလဲ..................... လို့ )

                                                        အမှတ်တရ တူးဆွခြင်း………………………….
                                                                                                         K H (myk)

0 comments:

Post a Comment