Pages

လှတစ်မျက်နှာ


လှလိုက်တာဗျာ

အသားလေးက ဝင်းဝါဝါ
အုံမို့မို့ ပါးပြင်ထက်
ကြင်နာတဲ့ မျက်ဝန်းကဆက်
ငွေဆန္ဒာ ဆန်း၍ ၈ရက်
အပြုံးရှက်ပမာ
နှုတ်ခမ်းများက ရွှင်းလဲ့လို့နေတယ်.....
နုညံ့တဲ့ အပြုံးကဖန်ဆင်း
သူ့အဆင်းကို
ဝတိံနန်းဆီက
နက်မိမယ်တောင်
ရွှေပါးအပ်ကာ

ကူးယူချင်သတဲ့ ...။    ။

                                   kka

သူငယ်ချင်းသို့

  တိတ်တခိုးမို့

သူငယ်ခါမှ ယနေ့ထိတိုင်

ရင်တွင်မြတ်နိုး တိတ်တခိုးနှင့်ချစ်နေတာကို 
မို့ သိမည်မဟုတ်ပါလေ.......
ဖွင့်ကာပြောချင်လည်း
အမုန်းနှင့်အတူ
ခင်မင်မှုပါအဆစ်တိုးလို့
မုန်းကာသွားမှာကိုလည်း
တွေးကာမောနေမိတယ် 
ချစ်သူ.....ရယ်...............
အလွမ်းတွေကို နှစ်သိမ့်
လိုအင်ကို ဖြေသိမ့်
ငါ့ရင် ချစ်ခြင်းတွေကို
ရေငုံနှုတ်ပိတ်နေခဲ့တာ
မင်း သိမည်မဟုတ်ပါလေ..............။
                                 

                          ချစ်တဲ့
                                 kka

သူငယ်ချင်းများနှင့် အတူ


  ၂၀၁၁ခု ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းမည့် NOBLE STAR  မှ
အဖွဲ့ဝင်များ

မိတ်ဆက်ခြင်း


ကျွန်တော်၏ ခင်မင်ရပါသော မိတ်ဆွေ အပေါင်းသင်းတို့ကို မင်္ဂလာပါလို့
နှုတ်ဆက်လိုက်ပါတယ်။ တသွင်သွင်ရယ် မရပ်မနား လမ်းရှာနေတဲ့ စမ်းရေ၏
အေးချမ်းခြင်းကို ခံစားရပါစေ......

သင်းပြန့်ကြူမွှေး ပန်းကဗျာလေးတွေရဲ့ မွှေးရနံ့ကိုလည်း ရှူရှိုက်နိုင်ကြပါစေ....

ကျွန်တော်ကတော့ မောင်ကိုကိုအောင်ပါခဗျာ... မလေးရှားမှာ အလုပ်လုပ်နေပါတယ်။
ကျွန်တော်က မ နေ့ကမဆိုသလို internet ကို စတင် အသုံးပြုတာပါ။

ကျွန်တော့ဘဝရဲ့ memory လေးတခုကဲ့သို့ ရည်ရွယ်ပြီး ဒီနေ့ feb.25.2011
သောကြာနေ့မှာ blogger ကိုနေဇော်လင်း ၏ အကူအညီဖြင့် kkamemory ဆိုတဲ့
ဆိုဒ်လေးကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

ကျွန်တော်ဟာ စာပေပညာရှင် မဟုတ်ပါခဗျ။ ခံစားချက်လေးတွေ(ရင်ဖွင့်ခြင်း)ကိုပဲ
ရေးချနိုင်ပါလိမ့်မည်ု့လို့ ကျွန်တော် ထင်ပါတယ် ခင်ဗျ။ နောက်ပြီး စိတ်ဓာတ်ကျဆင်းပြီး
ဝမ်းနည်း စိတ်ပျက်စရာ ကျွန်တော်၏ အားလပ်ချိန်လေးတွေကိုလည်း ဒီနေရာလေးမှာ
ပဲ စုစည်းချင်လို့ပါ။

       ကျေးဇူး အရမ်းတင်ပါတယ် ခင်ဗျ......

                                                            ခင်မင်လျှက်....

                                                                        kka