Pages

မိတ်ဆက်ခြင်း


ကျွန်တော်၏ ခင်မင်ရပါသော မိတ်ဆွေ အပေါင်းသင်းတို့ကို မင်္ဂလာပါလို့
နှုတ်ဆက်လိုက်ပါတယ်။ တသွင်သွင်ရယ် မရပ်မနား လမ်းရှာနေတဲ့ စမ်းရေ၏
အေးချမ်းခြင်းကို ခံစားရပါစေ......

သင်းပြန့်ကြူမွှေး ပန်းကဗျာလေးတွေရဲ့ မွှေးရနံ့ကိုလည်း ရှူရှိုက်နိုင်ကြပါစေ....

ကျွန်တော်ကတော့ မောင်ကိုကိုအောင်ပါခဗျာ... မလေးရှားမှာ အလုပ်လုပ်နေပါတယ်။
ကျွန်တော်က မ နေ့ကမဆိုသလို internet ကို စတင် အသုံးပြုတာပါ။

ကျွန်တော့ဘဝရဲ့ memory လေးတခုကဲ့သို့ ရည်ရွယ်ပြီး ဒီနေ့ feb.25.2011
သောကြာနေ့မှာ blogger ကိုနေဇော်လင်း ၏ အကူအညီဖြင့် kkamemory ဆိုတဲ့
ဆိုဒ်လေးကို စတင်ဖွင့်လှစ်လိုက်ပါတယ်။

ကျွန်တော်ဟာ စာပေပညာရှင် မဟုတ်ပါခဗျ။ ခံစားချက်လေးတွေ(ရင်ဖွင့်ခြင်း)ကိုပဲ
ရေးချနိုင်ပါလိမ့်မည်ု့လို့ ကျွန်တော် ထင်ပါတယ် ခင်ဗျ။ နောက်ပြီး စိတ်ဓာတ်ကျဆင်းပြီး
ဝမ်းနည်း စိတ်ပျက်စရာ ကျွန်တော်၏ အားလပ်ချိန်လေးတွေကိုလည်း ဒီနေရာလေးမှာ
ပဲ စုစည်းချင်လို့ပါ။

       ကျေးဇူး အရမ်းတင်ပါတယ် ခင်ဗျ......

                                                            ခင်မင်လျှက်....

                                                                        kka

0 comments:

Post a Comment