Feb
27
လှတစ်မျက်နှာ
ရေးသားသူ
ku ku
comments (0)
လှလိုက်တာဗျာ
အသားလေးက ဝင်းဝါဝါ
အုံမို့မို့ ပါးပြင်ထက်
ကြင်နာတဲ့ မျက်ဝန်းကဆက်
ငွေဆန္ဒာ ဆန်း၍ ၈ရက်
အပြုံးရှက်ပမာ
နှုတ်ခမ်းများက ရွှင်းလဲ့လို့နေတယ်.....
နုညံ့တဲ့ အပြုံးကဖန်ဆင်း
သူ့အဆင်းကို
ဝတိံနန်းဆီက
နက်မိမယ်တောင်
ရွှေပါးအပ်ကာ
ကူးယူချင်သတဲ့ ...။ ။
...
Labels:
ကဗျာ
Feb
27
သူငယ်ချင်းသို့
ရေးသားသူ
ku ku
comments (1)

တိတ်တခိုးမို့
သူငယ်ခါမှ ယနေ့ထိတိုင်
ရင်တွင်မြတ်နိုး တိတ်တခိုးနှင့်ချစ်နေတာကို
မို့ သိမည်မဟုတ်ပါလေ.......
ဖွင့်ကာပြောချင်လည်း
အမုန်းနှင့်အတူ
ခင်မင်မှုပါအဆစ်တိုးလို့
မုန်းကာသွားမှာကိုလည်း
တွေးကာမောနေမိတယ်
ချစ်သူ.....ရယ်...............
အလွမ်းတွေကို နှစ်သိမ့်
လိုအင်ကို ဖြေသိမ့်
ငါ့ရင် ချစ်ခြင်းတွေကို
ရေငုံနှုတ်ပိတ်နေခဲ့တာ
မင်း သိမည်မဟုတ်ပါလေ..............။
...
Labels:
ကဗျာ
Feb
26
သူငယ်ချင်းများနှင့် အတူ
ရေးသားသူ
ku ku
comments (0)

၂၀၁၁ခု ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းမည့် NOBLE STAR မှ
အဖွဲ့ဝင်များ ...
Labels:
ဓာတ်ပုံ
Feb
25
မိတ်ဆက်ခြင်း
ရေးသားသူ
ku ku
comments (0)

ကျွန်တော်၏ ခင်မင်ရပါသော မိတ်ဆွေ အပေါင်းသင်းတို့ကို မင်္ဂလာပါလို့
နှုတ်ဆက်လိုက်ပါတယ်။ တသွင်သွင်ရယ် မရပ်မနား လမ်းရှာနေတဲ့ စမ်းရေ၏
အေးချမ်းခြင်းကို ခံစားရပါစေ......
သင်းပြန့်ကြူမွှေး ပန်းကဗျာလေးတွေရဲ့ မွှေးရနံ့ကိုလည်း ရှူရှိုက်နိုင်ကြပါစေ....
ကျွန်တော်ကတော့ မောင်ကိုကိုအောင်ပါခဗျာ... မလေးရှားမှာ အလုပ်လုပ်နေပါတယ်။
ကျွန်တော်က မ နေ့ကမဆိုသလို internet ကို စတင် အသုံးပြုတာပါ။
ကျွန်တော့ဘဝရဲ့ memory လေးတခုကဲ့သို့ ရည်ရွယ်ပြီး ...
Labels:
မိတ်ဆက်