သူငယ်ချင်း အားလုံးပဲ မင်္ဂလာပါ ခဗျာ...
ကျတော်လည်း ကျတော့ရဲ့ ဘလော့လေးမှာ စာမရေးပဲ ပျက်ကွက်တာ ရက်တော်တော် ကြာသွားပါပြီ.။
ရေးဖို့ အားခဲထားတာလေးတွေကတော့ တော်တော်များများရှိပါတယ်.။ ကဲ ဒီင်္နေ့တော့ တအားရေးလိုက်
မယ်ဟဲ့လို့ အားခဲထားကာမ ဘလော့တင်ဖို့ မပြောနဲ့ ဘလော့ကို ဖွင့်မရအောင် အင်တာနက်လိုင်းက
သွက်လက်နေပါတယ် ( ဟိဟိ....ကြွားတာ)။ ဒါနဲ့ ကျတော်လည်း တနည်းနည်းနဲ့
ရအောင်လိုက်ရှာရင်း တွေ့
လာတာလေးကို ဗဟုသုတ အဖြစ် မျှဝေပေးလိုက်တာပါ နက်လိုင်းမကောင်း တဲ့ သူငယ်ချင်းလေးတွေ
အတွက်တော့ အကျိုးရှိစေမှာ အမှန်ပါပဲ ။ အင်တာနက်နှုံးလေးကို အနည်းငယ် မြှင့်သုံးတဲ့ နည်းလေးပါ
စိတ်ဝင်းစားတဲ့ သူငယ်ချင်းများ အစမ်းသဘောမျိုးဖြစ်ဖြစ် သုံးကြည့်ကြပါ။
ပြုလုပ်ပုံ အဆင့်ဆင့်
၁ . ကျတော်တို့ရဲ့ လက်ရှိသုံးနေတဲ့ ကွန်နက်ရှင်ရဲ့ နှုံးလေးကို အရင်ကြည့်ထားလိုက်ရအောင်နော်....
RUN BOX ဖွင့်ပါ ( Windows + R ကိုတွဲနှိပ်လိုက်ပါ )
'' ping google.com '' ကို ရေးထည့်ပြီး OK ပေးလိုက်ပါ။
၂. အဆင့် ၂ မှာတော့ မြန်နှုံးမြှင့်ဖို့ စတင်လုပ်ဆောင်ပါမယ်.....
START >> Control panel >> Network and Sharing Center >> Connection (local area connection ) ကိုနှိပ်ပါ
Local Area Connection BOX ကျလာပါလိမ့်မယ် ။ အဲ့ထဲကမ Datails... ကို ကလစ်နှိပ်လိုက်ပါ။
Network Connection Details BOX လေးထပ်ကျလာပါမယ် ။
IPv4 Default Gateway xx.x.x.xxx ဆိုတာလေးကို ရှာလိုက်ပါ။(x=10.1.1.254 လို ဂဏန်းလေးတွေဖြစ်ပါတယ်)
3. Notepad လေးဖွင့်လိုက်ပါ ။
Notepad မှာ ping xx.x.x.xxx connection ဆိုပြီး ရေးထည့်လိုက်ပါ ။ (မိမိထဲက ဂဏန်းသာထည့်ပေးပါ)
၎. ကျတော်တို့ရဲ့ Notepad လေးကို File name မှာ .bat အနေနဲ့ save လုပ်ပါမယ် ။
၅. ကျတော်တို့ save ထားတဲ့ .bat ဖိုင်လေးကို double click လုပ်ပေးလိုက်ပါ။
စောစောန ကျတော်တို့ (ping google.com) ဖြင့် ကြည့်ခဲ့တဲ့ နံပါတ်နဲ့ နှိုင်ယှဉ်ကြည့်လိုက်ပါ ။
ကဲ လက်တွေ့မှာ မိမိရဲ့ ကွန်နက်ရှင်လေးက ပိုမြန်လာလား မလာဘူးဆိုတာကိုတော့ စောင့်ကြည့်လိုက်ပါ
အစဉ်မြဲ လေးစားလျှက်
တက်ကလေး
0 comments:
Post a Comment