တမ်းတမိတယ်
မွန်းကြပ်တဲ့ ငါ့အခန်းငယ်ထဲ
နှလုံးသားမှာ လွမ်းဆွတ်လို့
တမ်းတမိတယ်.....
ဟိုတချိန် ပျော်ရွှင်ခဲ့ဖူးတဲ့
အရိပ်တွေကို
အခုများပျောက်ရှလို့လာနေပြီ...လေ။
ဂစ်တာအိုကို ဒေါင်ဒင်လုပ်
အိုအေစစ်ကို ကြိုးတင်
ငိုသံချို အစ်ကာ
လွမ်းတေးဆိုနေမိတယ်........။
တပုဒ်တည်းပင်
မညီးညူပဲ
မငြီးမငွေ့ မနွမ်းလျှ
မငြီးမငွေ့ မနွမ်းလျှ
တစ်ကိုယ်တည်း အဖော်ကွဲ
ဥသြငယ် ဆိုတေးသဖွယ်
ချစ်ရတဲ့မေ့ကို
စိတ်တွင်အောင်းမေ့
လွမ်းတေးသီဆို ချစ်သူ မေ့ဆီ
ချက်ချင်းဆိုသလောက်
အပြေးလေးလျှောက်လာချင်ပြီကွယ်........
သို့တပြီးကား
ကံတရားက ချိုးဖေါက်
စိတ်ပေါက်လို့မ ဒီတောင်မဖြိုနိုင်
ကွေ့ကာ ပတ်လို့
ခရီးဆက်ရတဲ့
ကရင်ကောင် အဖြစ်မျိုးရယ်.....
ကံတရားက ချိုးဖေါက်
စိတ်ပေါက်လို့မ ဒီတောင်မဖြိုနိုင်
ကွေ့ကာ ပတ်လို့
ခရီးဆက်ရတဲ့
ကရင်ကောင် အဖြစ်မျိုးရယ်.....
ငါဟဲ့ယောက်ျား အားအင်ဗလဗွနဲ့
လွမ်းတဲ့စိတ်ကို ချိုးဖျက်
အချစ်တွေနဲ့ ခံနိုင်ရည်ကိုမွေးမြူ
ကျန်နေသေးတဲ့ ဒုက္ခနေ့တွေကို
ရေမြေခြားမှာ ကျော်ဖြတ်ရဆဲ...
နေ့စဉ်နဲ့  ညဆက်
ချစ်တဲ့စိတ်ကြောင့် မခံနိုင်
လွမ်းစိတ်ရယ် ဖြစ်ပေါ်
လွမ်းဆွတ်လို့ တမ်းတမိလေရဲ့
သူ့မေတ္တာစစ် အေးရိမ်လေးကို။ ။
မင်းကို သတိရနေတဲ့
တက်ကလေး
0 comments:
Post a Comment