ရေးသားသူ
ku ku
comments (0)
ကျတော် ဒီနေ့ စနေနေ့လည်းဖြစ်သည့်အတွက် အင်တာနက်မှာ ကလိမိပါတယ်...ဗျာ.....
ခုပြောပြမဲ့ gmail ရဲ့ ဝန်ဆောင်မှု့လေးကတော့ လူတော်များများ သိကြမှာပါ ..ဘာလို့ လဲဆိုတော့ကျတော်တို့gmail ဖွင့်လိုက်တိုင်း သူက အချက်ပြ ပို့စ်လေး အနေနဲ့ ပြပေးတယ်လေဗျာ.။ အဲ့ဒါက ဘယ်လိုလဲဆိုရင် gmail ကနေ မိုဘိုင်းဖုန်းများကို SMS free ပို့ရမဲ့ google ရဲ့ ဝန်ဆောင်မှု့လေးပါ။ ကျတော်တို့ google mail ဖွင့်လိုက်၇င် notice box လေးကို တွေ့မြင်ကြရမှာပါ။ ကဲ ပထမဆုံး google ကပေးတဲ့ free SMS to contect phone's numbe r လေးကို စမ်းသုံးကြည့်ရအောင်လေ။ အားလုံးအတွက် အကျိုးရှိမှာသေချာပါတယ်.။ ဘာလို့လဲဆိုရင် မိမိက အွန်လိုင်းမှာ ရောက်နေပြီ. အင်း သူငယ်ချင်း ဒါမမဟုတ်၇င် ချစ်သူပေါ့နော် သူကမလာသေးဘူးဆိုရင် ကိုယ့်ရဲ့ google mail ကနေ သူ့ရဲ့ ကိုယ်ပိုင် mobile contact's phone number ကို အမြန်လာဖို့ ကိုရောက်နေပြီ ဆိုတဲ့ အကြောင်းကို မက်စေ့ပို့လို့ရပါတယ်။ အများကြီး အကျိုးပြုမယ်လို့ ထင်ပါတယ် ခဗျ.....
Gmail chat ကိုအသုံးပြုပြီး SMS (text messaging ) စာဖြင့် အကြောင်းကြားမယ် ဆိုရင်
- contact list ထဲက မိမိပို့ချင်တဲ့သူရဲ့ နာမည်ကို ကလစ်လိုပ်ပါ ။chat box တစ်ခုရလာမှာပါ အဲဒိ chat box ရဲ့ ထိပ် ညာဘက် action ကိုကလစ်လုပ်ပြီး Send Text (SMS) ကိုကလစ်လိုက်ပါ။ ဒီဝန်ဆောင်မှု့လေးကိုလည်း နိုင်ငံအလိုက် စတင်ရွေးချယ် ဆောင်ရွက်ခဲ့တာဖြစ်တဲ့ အတွက် Supported countries နဲ့ Operators တွေကိုတော့ ဒီမှာ မှာ ကြည့်နိုင်ပါတယ်။
- Dialog box တစ်ခုကျလာမှာပါ အဲ့ဒိ box ထဲကိုမှာပဲ ဖုန်းနံပါတ်ကို ဖြည့်ပေးလိုက်ပါ။ပြီးရင်တော့ SAVE ကိုနှိပ်လိုက်ပါ။
- Chat Box မှာ text messages ရေးပြီး Enter ခေါက်လိုက်ပါ ။ မိမိ ရဲ့သူငယ်ချင်း ဖုန်းနံပါတ်သို့ Text message (SMS) ရောက်ရှိသွားမှာ ဖြစ်ပါတယ် ။
SMS ပြန်ပို့ပေးခြင်း (Replying to SMS messages)
- မိမိဖုန်းသို့ Google mail မှာ ဝင်လာသော နံပါတ်ကို contacet list မှာ SAVE လုပ်ထားလိုက်ပါ။လက်ခံရရှိသော နံပါတ်နှင့် gamil အကောင့်သည် ဆက်နွယ်မှု့ရှိနေပါတယ်။ ပြီးရင် အဲ့ဒိ နံပါတ်တိုင်း SMS ကို ပြန်ပို့လိုက်ပါက gmail အကောင့်တွင် ရောက်ရှိနေမှာ ဖြစ်ပါတယ် ။ (ဥပမာ။ ။ from 260060××× message to u ဆိုရင် 260060××× နံပါတ်ကိုပဲ reply ပြန်လုပ်ပေးရမှာဖြစ်ပါတယ်။ )
- အင်တာနက်မရှိ ဖုန်းနဲ့တင်ပဲ gmail အကောင့်များနှင့် အပြန်အလှန် chat နိုင်ပါတယ်။
SMS ပို့ခွင့် ကန့်သတ်ထားမှု့
- ပထမဆုံးအနေဖြင့် SMS (Text Message ) ၅၀ သာ ခွင့်ပြုထားပါတယ် ။
- SMS တစ်ခုပို့လိုက်တိုင်း ကျတော်တို့ သုံးခွင့်ရတဲ့ထဲက ၁ခု လျော့သွားမှာ ဖြစ်ပါတယ်။
- ဘယ်အချိန်မဆို SMS message တစ်ခု လက်ခံရတိုင်း မိမိရဲ SMS အသုံးပြုခွင့် ၅ ခု ထပ်ပေါင်းထည့်ပေးမှာ ဖြစ်ပါတယ် ။ ဒါပေမဲ့ အများဆုံး SMS ၅၀ သာ ရှိနေနိုင်မှာ ဖြစ်ပါတယ် ။
SMS ဝယ်ယူ ပေါင်းထည့်ခြင်း
ဒါကတော့ ရှင်းပါတယ်နော်.....ထွေထွေထူးထူးတော့ ဟုတ်ပါဘူး..မိမိရဲ့ ကိုယ်ပိုင်ဖုန်းကပဲ ဖြစ်ဖြစ် သူငယ်ချင်းဆီကပဲ ဖြစ်ဖြစ် SMS လေးတစ်ခု လက်ခံရရှိတာနဲ့ credit point ၅ ခု တိုးလာမှာပါ ။
ကျတော်တို့ ဖုန်းတွေကနေ ပြန်ပြီး reply လုပ်ရင်လည်းပဲ မိမိ operatorများရဲ့ SMS တစ်ခုရဲ့ ဝန်ဆောင်မှု့ အတိုင်းပဲ
ပေးဆောင်ရမှာ ဖြစ်ပါတယ်။ (ဥပမာ။ ။ ဖုန်း မှ ဖုန်းသို့ SMS တစ်ခုလျှင် ၁၀ပြားဖြစ်ခဲ့ရင် )
'' သူငယ်ချင်း မိတ်ဆွေအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ.......''
လေးစားစွာဖြင့်....
တက်ကလေး
ှ
Labels:
Gmail